Sunday, September 1, 2013

Online ကငွေထုတ်ဖို့ အတွက် အထောက်အကူဖြစ်တဲ့ post တစ်ခု




ShweMoney.com မှ Shwe Money Virtual VISA Card အသုံးပြုသူများအတွက် PayPal အကောင့်ပြုလုပ်ခြင်း အားသီးခြား ၀န်ဆောင်မှုအဖြစ် အခကြေး ငွေယူ၍ဆောင်ရွက်ပေး သွားမည်ကြောင်း သိရသည်။ Shwe Money Virtual VISA Card သည် PayPal Account နှင့်ချိတ် ဆက်၍ရသော်လည်း PayPal ၏ တင်းကြပ်သော Policy များကြောင့် အလွယ် တကူဆောင်ရွက်၍မရ သောကြောင့် ယခုကဲ့သို့
စီစဉ် ဆောင်ရွက်ပြီး ၀န်ဆောင်မှုပေး ခြင်းဖြစ်ကြောင်း သိရသည်။ PayPal Account သည် မြန်မာနိုင်ငံ မှ အင်တာနက် IP Address ဖြင့် PayPal အကောင့် ပြုလုပ်ခြင်း၊ PayPal သို့ Login ၀င်ရောက်ခြင်းများပြုလုပ်၍မရသော အခက်အခဲများ ရှိပြီး မိမိ Account Create ပြုလုပ်ခဲ့သော IP Address Country မှ အမြဲ Login ၀င်ရောက်ရန်လိုအပ်ပြီး IP Address Country ပြောင်းလဲပါ က Account Restrict ဖြစ်သွား မည်ဖြစ်သည်။

PayPal အကောင့် ပြုလုပ်လို သူအနေဖြင့် PayPal Account Holder Name ၊ PayPal Account Email ၊ The Last 4 digit of ShweMoney Virtual VISA Card ၊ Your Passport Scan များပေးအပ်ရန် လိုအပ်ပြီး ၀န်ဆောင်မှု အနေဖြင့် PayPalအကောင့် ပြုလုပ်ခြင်း အတွက်သီးခြား ၀န်ဆောင်ခ(၅၀၀၀)ကျပ်အား Myan Pay Online Payment ဖြင့် ပေး ချေရမည် ဖြစ်သည်။ အကြောင်း အမျိုးမျိုးကြောင့် PayPal Account ပြုလုပ်၍ မရပါက ၀န်ဆောင်ခ အားပြန်လည်ငွေအမ်းပေးမည် ဖြစ်သည်။

PayPal အကောင့်ပြုလုပ်ပြီး အသုံးပြုရာတွင်လိုက်နာ ရမည့် စည်းကမ်းများအား Email ပို့ပေး မည်ဖြစ်ပြီး အသုံးပြုသူ များအနေ ဖြင့်အဆိုပါ စည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်း မရှိသဖြင့် Account Restrict ဖြစ်ပါ က၀န်ဆောင်ခအား ပြန်အမ်းမည် မဟုတ်ကြောင်း သိရသည်။ PayPal အနေဖြင့် မြန်မာနိုင်ငံ မှ IP Address ဖြင့် Login ၀င်၍မရသဖြင့် PayPal အတွက် အသုံးပြုရမည့် အင်တာနက် IP Proxy Address အားနေ့စဉ် အသိပေးအကြောင်း ကြားပေး သွားမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါ က ၀၁ ၅၁၀၅၅၄ သို့ ဆက်သွယ်မေး မြန်းနိုင်ကြောင်း သိရ သည်။

No comments:

Post a Comment