Friday, December 13, 2013

အတက်နှေးနေသေးတယ်ဆိုရင်




Windows သစ်ပြန်တင်ပြီးတာတောင် Windows အတက်နှေးနေသေးတယ်ဆိုရင် Hardware တစ်ခုခုမှာ ပြဿနာရှိနေလို့ဖြစ်ပါတယ်။ အကောင်းဆုံးနည်းလမ်းက Hibernate Mode ကို အသုံးပြုသင့်ပါတယ်။ ဒီလို Hibernate Mode ကိုပြောင်းနိုင်ဖို့ Control Panel, Power Options ကို ၀င်ရောက်တဲ့အခါ Power Option Box လေးတတ်လာပါလိမ့်မယ်။ အဲ့ဒီမှာ Hibernate Tab ကို Click နှိပ်ပြီး Enable Hibernation ကို Select လုပ်ပေးလိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ ကွန်ပျူတာကို Hibernate Mode ကို အသုံးပြုလို့ရပါပြီ.....





ပုံမှန်အားဖြင့် Windows ကို Shutdown လုပ်လိုက်ရင် ကွန်ပျူတာအတွင်းရှိ Devices အားလုံးကို ပေးထားတဲ့ Power ကို အသုံးပြုခြင်းမရှိတော့ဘူးလို့ ပြောနိုင်ပါတယ်။ ကွန်ပျူတာမဖွင့်ခင်က အခြေအနေအတိုင်း Motherboard အပေါ်ကို ပုံမှန်အတိုင်း Stand By သဘောမျိုး Power အနည်းငယ် သက်ရောက်မှုရှိပါတယ်။ Hibernate Mode ကို အသုံးပြုတဲ့အတွက် Power ကိုချွေတာရာရောက်ပါတယ်။




နောက်တစ်ချက်က ကွန်ပျူတာဖွင့်စရဲ့ အမြန်နှုန်းကို နှေးမသွားစေဘဲ ပုံမှန်းအတိုင်းရရှိစေပါတယ်။ Hibernate Mode ရဲ့ သဘောက လက်ရှိအသုံးပြုနေတဲ့ Windows ရဲ့ အကြောင်းအရာအားလုံးကို ကွန်ပျူတာ Hard disk မှာ မှတ်သားပေးပါတယ်။ PageMaker ကိုဝင်ရောက်ပြီး မိမိနှစ်သက်ရာ ဖိုင်ကို ဖွင့်ထားနိုင်ပါတယ်။ Photoshop ကိုဖွင့်ပြီး မိမိနှစ်သက်ရာ ပုံကို ဆွဲထားနိုင်ပါတယ်။




Shutdown လုပ်တဲ့အခါ Hibernate Mode ကို ရွေးချယ်လိုက်ရင် လက်ရှိအသုံးပြုနေတဲ့ Programs အားလုံးနဲ့ Settings အားလုံးကို Windows က မှတ်သားပေးပြီး Hard Disk အပေါ်မှာ သိမ်းဆည်းပေးပါတယ်။ Power ဖွင့်လိုက်တာနဲ့ Windows အထဲကို တိုက်ရိုက်ရောက်လာပါတယ်။ ပုံမှန် Windows XP အသုံးပြုသလို Loading လုပ်နေမှာမဟုတ်ပါ။ ပိတ်မထားခင်က မှတ်သားမှုအတိုင်း Windows အထဲကို ရောက်လာတာဖြစ်တဲ့အတွက် Windows အတက် ပိုပြီး မြန်လာမှာဖြစ်ပါတယ်။




Hibernate Mode ကိုအသုံးပြုချင်ရင် အနည်းဆုံး Memory 512 MB ရှိနေဖို့လိုအပ်ပါတယ်။ Hard disk အတွင်းမှာ နေရာလွတ်များများရှိဖို့ လိုအပ်ပါတယ်။




No comments:

Post a Comment