Friday, December 13, 2013

CD/DVD ချပ် ထုတ်လို့မရတော့ဘူးဆိုရင်

Drive ထဲမှာ CD/DVD ချပ်ထည့်ပြီး အလုပ်လုပ်နေတုန်း မီးပျက်သွားတဲ့အခါ CD/DVD ချပ်ကို ပြန်မထုတ်နိုင်ပဲရှိနေမှာပါ။ CD/DVD ချပ်ကို ခုချက်ချင်းပဲ ပြန်ထုတ်ချင်တယ်။ မီးပြန်လာတဲ့အထိ မစောင့်ချင်ဘူး။ UPS ကလည်း မရှိပြန်။ အဲ့လိုဖြစ်ခဲ့ရင် CD/DVD ချပ်ကို ပြန်လည်ထုတ်နိုင်မယ့် နည်းလမ်းလေး ရှိပါတယ်ဗျာ... နည်းလမ်းလေးကတော့....

          System ပုံး (တနည်းအားဖြင့် PC ပုံး) ပေါ့ဗျာ.....အဲ့ဒီပုံးရဲ့ CD/DVD Drive နေရာလေးမှာ
အပေါက်သေးသေးလေး တစ်ပေါက်ပါတာကို
တွေ့မယ်ထင်ပါရဲ့ဗျာ.....အဲ့အပေါက်ထဲကို ဂျင်ကလစ်လို့ စာရွက်ညှပ်တဲ့ကလစ်ကို တစ်ဖြောင့်တည်းဖြစ်အောင် ဖြောင့်ပါ။ (သွားကြားထိုးတံလဲရတာပဲ) ပြီးရင် အဲ့ဒီအပေါက်လေးထဲကို အသာထိုးကြည့်ပါ။ ဂီယာလိုပစ္စည်းမျိုးကို ထိုးမိပါလိမ့်မယ်။ စိတ်ရှည်ရှည်နဲ့ထိုးရင် ဂီယာလည်သွားပြီး CD/DVD လင်ပန်းလည်း ချောက်ကနဲ့ ထွက်လာပါလိမ့်မယ်။ CD ချပ်ကိုထုတ်ပြီး အသာပြန်တွန်းထည့်လိုက်ပါ။ အခုနောက်ပေါ် CD/DVD Drive တွေမှာ အဲ့ဒီလိုမျိုး အပေါက်လေးမပါတာ တွေ့ရပါတယ်။ အဲ့ဒီအတွက်တော့ မတတ်နိုင်ပါ။ ကွန်ပျူတာမှာ UPS သုံးနိုင်အောင် ကြိုးစားပါလို့ အကြံပေးလိုက်ရပါစေဗျာ.....

 အဆင်ပြေပါစေနော်ဗျ.....

1 comment:

  1. မနေ့က ဖွင့်ပြီးတော့ probux ကို လုပ်ပြီးသွားပြီ ဒီနေ့ကျတော့ပြန်ဝင်တာ username,password ကမရဘုးဖြစ်နေတာ ဘာဖြစ်တာလဲသိဘူး ပြောပြပေးပါလား

    ReplyDelete